အလောင်းတော် ကဿပ ဘုရား သမိုင်းကြောင်းအပြည့်အစုံ
ဂါမရွာမှ ပိပ္ပလိလုလင်ပျို အသက်နှစ်ဆယ်ပြည့်အရွယ်တွင် မယ်ဘဒ္ဒါရဲ့မိဘများနှင့် နှစ်ဘက်မိဘတိုင်ပင်၍ ထိမ်းမြား ပေးရန် စီစဉ်သည်။ ပိပ္ပလိသည် မယ်ဘဒ္ဒါအား ‘မိဘများကွယ်လွန်သွားလျှင် လူ့ဘောင်ကို စွန့်၍ သင်္ကန်းစီးပြီးတောထွက်မည်ဟု စိတ်ပိုင်းဖြတ်ထားပါသည် ။
ဤဘဝတွင် အရှည်မနေရ၍ သင်ချစ်နှမမှာ လင်ပြစ်မလေး ဖြစ်မည့်အရေးကို တွေးသနားပြီး တခြား သူနှင့် အရွယ်တူ စိတ်တူ ကြံစည်ပါလော့’ ဟု ချော့၍ လွှတ်လိုက်ရသည် ။
မယ်ဘဒ္ဒါလည်း အိမ်သူရှင်မ မဖြစ်ရအောင် ခယ တောင်းပန်အကြောင်းပြန်စာ ပေးပို့ပါလည်း ရေစက်ပါ၍ မပြတ်နိုင်ဘဲ မင်္ဂလာပွဲဖြစ်မြောက်ခဲ့သည် ။
တဏှာကာမလွန်စွာ စက်ဆုပ် ညှီနံပုတ်ဟု အဟုတ်ရွံရှာမုန်းတာကြောင့် နှစ်ယောက်အတူ အိပ်စက်သောအခါ ပန်းကုံး ခြား၍ သွေဖီတစ်မျိုး စိတ်ဖောက်ပြားပါက ပန်းကုံးညှိုးပါစေဟု ဒိဌာန်ပြုပြီး နေခဲ့ကြသည်။
နှစ်ဘက်မိဘများ ကွယ်လွန်သွား သောအခါ သံဝေဂပိုရပြီး ရှေ့တိုးနောက်ဆုတ်မပြုလုပ်ဘဲ အရာရာစွန့်၍ ခြေဦးတည့်ရာသွားတော့မည်။ စိတ်အေးချမ်းသာ နေရစ် ပါတော့ဟု မယ်ဘဒ္ဒါအား ပြောကြားသည် ။
မယ်ဘဒ္ဒါလည်း ‘မောင့်နှမလည်း အရှင့်နည်းတူ သံဝေဂရပြီး မောင်တော်ထွက်သွား ရာကို နှမတော်မယ်ဘဒ္ဒါလည်း နောက်ကမကွာ လိုက်ခဲ့ပါမည်’ဟု ပြောကြားသည် ။
ကျေးကျွန်များကလည်း အားထားရာ ကင်းမဲ့ပါပြီ ဆိုကာ မသွားဖို့ရန် ငိုကျေွးတောင်းပန်ကြသည် ။ ပိပ္ပလိသည် ‘အသင်တို့ ငါတို့ထံတွင် ဆပ်ရန် အကျေွး အသေးအဖွဲ တပဲတရွေးမျှ ပြန်မပေးနဲ့တော့၊ ကျွန်ဘဝမှ အကုန်လွတ်ကြတော့’ဟု တရားသဘော အနည်းငယ်ဟောကြားခဲ့သည်။
သင်နှမ မယ်ဘဒ္ဒါ သင်သည် ဇမ္ဗူတခွင်ဝယ် လူတွင်မက နတ်တမျှ လှပနေ၍ လူအများအမြင်ဝယ် မသင့်တော်၊ ရဟန်း ဘဝရောက်တာတောင် မခွဲချင်ဘူးဟု ပြောကြလိမ့်မည် ။ ငါ၏နောက်က ကောက်ကောက်မကွာ မလိုက်ပါနဲ့
ကြိုက်ရာလမ်း မြန်းပါ တော့ဟု ပြောလေသည် ။
မယ်ဘဒ္ဒါကလည်း ယောက်ျားလက်ျာ မိန်းမမှာလျှင် သွားလက်ဝဲ ပြုစမြဲမို့ အရှင်သာလျှင် လက်ျာလမ်းမှ ကြွမြန်းပါတော့ နှမတော်လည်း လက်ဝဲလမ်းမှ သွားပါတော့မည်ဟု လျှောက်ထားလေသည်။
ခွဲခွာရတော့မှာမို့ လက်ျာရစ် သုံးကြိမ် ပတ်ခါ နောက်ဆုံးကန်တော့လေသည်။ ပိပ္ပလိလုလင်နှင့် မယ်ဘဒ္ဒါတို့ လမ်းခွဲပြီး မဟာပထဝီမြေကြီး အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်သွားလေ သည် ။
သုံးလူထွဋ်ထား မြတ်ဘုရားသည် ဝေဠုဝန်ကျောင်းတော်မှ ဒိဗ္ဗစက္ခု ရွှေဉာဏ်တော်ဖြင့် ရှုကြည့်ရာ ပိပ္ပလိလုလင်သည် ငါထံ ရည်မှန်းလာကြောင်းသိ၍ ဘုရားရှင် ကို်ယ်တော်တိုင် ကြွ၍ အဖူးမျှော်ကန်တော့ခံပြီး
ဘုရားရှင်၏ ဒုကုဋသင်္ကန်းကို ပေးသနားပြီး ကျောင်းတော်သို့ ရောက်လတ်သော် ဘုရားရှင် ဧဟိဘိက္ခူခေါ်တော်မူ၍ ရဟန္တာအဖြစ်ကို (၇)ရက်မြောက် သောနေ့၌ရ၍ ဓူတင် ထေရ်ကို ဆောင်တော်မူလေသသည် ။
ပဒုမုတ္တရဘုရားသခင်၏ နိယတ ဗျာဒိတ်တော်ကို ရပြီးနောက် ဘုရားသာသနာအကုန်တွင် ဗာရာဏသီပြည်မှာ မင်းညီ သုံးပါးဖြစ်၍ လူတို့ဘောင်တွင် မပျော်မွေ့ဘဲ ရသေ့ပြုခါ ဈာန်တရားကို ဟိမဝန္တာတော၌ ဒေသစာရီလှည့်လည်ကျင့်တော်မူသည် ။
ဂေါတမအလောင်း အရိမေတ္တယျအလောင်း နောင်တော်နှစ်ပါးနှင့် သလ္လာဝတီ ချင်းတွင်းမြစ်အနောက်ဘက် ဝေဘူလ၊ ဝေဘာရဝ သုနန္ဒရ တောင်သုံးလုံး၌ သစ္စာအဓိဌာန်ထားခဲ့သည် ။
နောင်တော်ကြီးဘုရားဖြစ်၍ အကျွနု်ပ်ကလညး် ရဟန္တာအဖြစ်ကို ရပြီးလျှင် နောင်တော်ကြီး ပရိနိဗ္ဗာန်စံသောအခါ ကျွနု်ပ်ကသဂြိုဟ်မှသာလျှင် တေဇောဓာတ်လောင်ကျွမ်းပါစေ။
အကျွန်ုပ် ပရိနိဗ္ဗာန်ပြုခဲ့သော် နောင်တော်ငယ် သဂြိုဟ်မှသာလျှင် တေဇောဓာတ်လောင်ကျွမ်းပါစေဟု အဓိဌာန်ထားခဲ့ကြသည်။ နောင်တော်ကြီးဂေါတမနှင့် ထားခဲ့သော ကတိပြည့်စုံပြီ။ နောင်တော်ငယ် မေတ္တယျနှင့်ထားခဲ့သော ကတိသည် မပြည့်စုံသေးပေ။
ဤကဲ့သို့ သစ္စာအဓိဌာန် ပြုတော်မူခဲ့ဖူးသောကြောင့် ငါ၏ခန္ဓာကိုယ်သည် ယခုလက်ငင်း တေဇောဓာတ် မလောင်ကျွမ်းနိုင်သေး မေတ္တယျဘုရား ရွှေလက်ဝါး တော်၌ တင်မှသာလျှင် တန်ခိုးတော်ကြောင့် တေဇောဓာတ်လောင်ကျွမ်းလိမ့်မည်
ငါ၏အလောင်းကို ရှိခိုးပူဇော် လှူဒါန်းရန်လာကြသော လူနတ်ဗြဟ္မာအပေါင်းတို့ နိဗ္ဗာန်မဂ်ဖိုလ် ရစေခြင်းအကျိုးငှာ ဇမ္ဗူဒီပ တမ္မဒီပတိုင်း မြန်မာပြည်အလယ်ပိုင်း
သလ္လာဝတီ ချင်းတွင်းမြစ်အနောက်ဘက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး အောက်တွင် ပရိနိဗ္ဗာန်စံယူမှသာလျှင် နောင်တော်ငယ်နှင့် ထားခဲ့သော ကတိသစ္စာညီတော့မည်ဟု ဝစီဝါစာ သစ္စာအဓိဌာန် ပြုတော်မူ၏။
အရှင်မဟာကဿပ မထေရ်ကြီး၏ သစ္စာအဓိဌာန်ပြုတော်မူသည်ကို သိကြားမင်းသိတော်မူ၍ လူ့ပြည်သို့ ကိုယ်တိုင် ဆင်းတော်မူခဲ့ပြီးမှ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံးကိုညွှတ်၍ ကျောက်လှိုဏ်ဂူကို ဖန်ဆင်း၏။
တောင်သုံးလုံးအတွင်း၌ ပတ္တမြားလှိုဏ်ဂူသည် အလျားအတောင်(၅၀) အနံအတောင်(၅၀)စတုရန်း ညီမျှစွာ ရှိ၏။
တံခါး(၄)တန်ကိုလည်း တံခါးတစ်ခုနှင့် တစ်ခုကို အတောင်(၅၀)စီကွာခြား၏။ ၎င်းလှိုဏ်ဂူအတွင်း၌ မြ၊ ဖလ်၊ ရွှေ၊ ငွေစသည်တို့ဖြင့် မွမ်းမံခြယ်လယ်အပ်သော မဟာဂန္ဓ ကုဋိတိုက်တော်ကိုလည်း ဖန်ဆင်းထား၏။
၎င်းတိုက်၏ အလယ်၌ အလျား(၁၆)တောင်၊ အနံ(၈)တောင်၊ အစောက်(၄)တောင် ရှိ သော မြသလွန်တော်ကို ဖန်ဆင်းထားတော်မူ၏။
မဟာဂန္ဓကုဋိတိုက် လေးမျက်နှာ၌ တစ်ဖက်ကို ကျောက်တံခါး ငွေတံခါး ရွှေတံခါး (၃)တန်စီထား ရှိ၏။ တံခါးပေါက် အမြင့်မှာ (၁၆)တောင်၊ အနံ(၈)တောင်စီရှိ၏။ အရှေ့တံခါး(၃)တန်မှာ ဂန္ဓဗ္ဗနတ်မင်း သုံးထောင် စောင့်၏။
တောင်တံခါး(၃)တန်မှာ ဂုမ်ဘာန်နတ်မင်း သုံးထောင်စောင့်၏။ အနောက်တံခါး (၃)တန်မှာ ဂဠုန်မင်း သုံးထောင်စောင့်၏။ မြောက်တံခါး(၃)တန်မှာ ရက္ခဘီလူးမင်း သုံးထောင်စောင့်၏။ အောက်မျက်နှာ၌ ဘုမ္မစိုးနတ်မင်း၊ မဟာပိန္နဲအသူရာနတ်မင်း သုံးထောင်စောင့်၏။
မဟာဂန္ဓ ကုဋိတိုက် အတွင်း၌ သမာဒေဝ နတ်မင်း လေးထောင်စောင့်၏။ အရှင်မဟာကဿပမထေရ်သည် မလ္လာမင်းတို့၏ အင်ကြင်းပန်းဥယျာဉ်၌ မြတ်စွာဘုရားပရိနိဗ္ဗာန် စံယူပြီးနောက် သင်္ဂါယနာတင်၍ အဇာတသတ်မင်းနှင့် ဓာတ်တော်များကို ရှစ်ပြည်ထောင်သော မင်းများ၏
ဌာပနာစေတီတော်၌ ပင့်ဆောင်ယူ၍ စုရုံးပြီး အဇာတသတ်မင်းလက်သို့အပ်၍ ဓာတ်တော်များ ဌာပနာပြုပြီးသော သတ္တဝါလူအများတို့အား တရားရေအေး အမြိုက်ဆေး ကို တိုက်ကျေွးတော်မူသည် ။
အရှင်မဟာ ကဿပမထေရ်ကြီးသည် သက်တော်(၁၂၀)၊ ဝါတော်သိက္ခာ(၅၀)ပြည့်တော်မူသောနေ့၌ ပရိနိဗ္ဗာန်ပြုအံ့သောနေရာ မြန်မာပြည်အလယ်ပိုင်း ချင်းတွင်းမြစ်အနောက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ရှိရာသို့ ရာဇဂြိုဟ်ပြည်မှ ထွက်လာခဲ့ရာ ကသဲပြည်ကို ကျော်ဖြတ်ပြီး အထက် ချင်းတွင်းမြစ်ကို ရောက်ရှိသည်။
အရှင်မဟာကဿပ မထေရ်ကြီး ကြွလာသည်ကို ယာထွန်နေသော တောင်သူကြီးဦးကောင်းစင်မြင်တွေ့ပြီး ပင့်၍ ဆွမ်းကပ်လှူခဲ့ပါသည်။
ဤနယ်မြေ တစ်လျှောက်တွင် တောင်သူကြီးဦးကောင်းစင်နတ်ရုပ်ကို ကိုးကွယ်ကြပါသည်။ ပထိုးလုံးချောင်းတွင် ခေတ္တနားပြီး ရေချိုး၍ သင်္ကန်း များကို လျှော်လှန်းသောနေရာတွင် သင်္ကန်းချုပ်ရိုးရာ အနားပါတ်နေရာ အစုံအလင်ထင်ရှားစွာပင် အကြောင်းထင်လျှက်ရှိပါသည် ။
ချောင်းအတိုင်း ဆန်တက်ပြီး ဝေဘူလ၊ ဝေဘာရတောင်သို့ ရောက်ပြီးလျှင် တောင်ပေါ်သို့တက်၍ မတ်တပ်ရပ်တော်မူပြီးလျှင် လူနတ်အပေါင်းတို့၏အကျိုးငှာ အဓိဌာန်ပြုတော်မူသည်မှာ
‘သာသနာတော်၌ သက်ဝင်ယုံကြည်သော အမျိုးကောင်းသားသည် ငါးပါးသီလကို စောင့်ထိန်းခြင်း၊ မိဘဆရာသမားတို့အား ရှိခိုးပူဇော်ခြင်း၊ ရတနာသုံးပါး သာသနာတော်စောင့်နတ်တို့ကို ပူဇော်ပသ ခြင်းပြုကာ ယုံကြည်စွာ သုံးစွဲပါက (၉၆)ပါးသောရောဂါတို့ ပျောက်ပါစေသတည်း။’
ဤကဲ့သို့ သတ္တဝါအပေါင်းတို့အား သနားတော် မူသောကြောင့် မေတ္တာတော်ရေတွင်းကိုလည်း အဓိဌာန်ပြု၍ ထားတော်မူခဲ့လေ၏။ ထိုရေတွင်းမှတဖန် တောင်ဘက်သို့ လျှောက်သွားပြီးလျှင် ဣစၧာသယတောင်ခြေရင်း၌ ဆွမ်းဘုန်းပေးပြီး သပိတ်များကို ဆေးကြောသောချောင်းကို သပိတ်ဆေးချောင်း ဟုခေါ်သည်။
အရှင်မဟာကဿပမထေရ်ကြီးသည် နတ်မင်းအပေါင်းတို့ ဖန်ဆင်းထားတော်မူသော မြသလွန်ညောင်စောင်းထက်တွင် မဟာဗောဓိပင်နှင့် ရတနာခုနှစ်ပါး ရွှေပလ္လင်မြတ်၌ ဘုရားဓာတ်တော်မြတ်ကို ရှိခိုးပူဇော်ပြီးမှ သစ္စာအဓိဌာန်ပြုတော်မူလေသည်။
ဤဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ၊ ဣစၧာသယငွေတောင်၌ သူတော်ကောင်းအပေါင်းတို့သည် မိမိ၏အသက်ကို မငဲ့ညှာ (၃)နှစ်(၃)ဝါတိတိ သူများအသက်က မစားမသောက်ဘဲ ပါနုပေတံရှောင်ကြဉ်၍
သမထဝိပဿနာကမ္မဌာန်း၊ အသုဘကမ္မဌာန်းကို စီးဖြန်းအား ထုတ်ကျင့်ကြံ၍ အောင်မြင်လျှင် မြတ်စွာဘုရား၏ သရီယဓာတ်တော်နှင့် ငါ၏အလောင်းတော်စစ်ကြီးကို ကိုယ်တိုင်ဝင်၍ ရှိခိုးပူဇော် လှူဒါန်းဆုတောင်းနိုင်ကြပါစေသတည်း။
သာသနာ(၂၃၅)နှစ်သို့ ရောက်လျှင် သောဏဥတ္တရ ရဟန္တာအရှင်မြတ်သည် သထုံမြို့ကစ၍ မြန်မာပြည်တစ်ဝှမ်းလုံး၌ သာသနာတော်ပြန့်ပါစေသတည်း။
ကောဇာသက္ကရာဇ် (၁၂၃၃)နှစ် သာသနာတော်(၂၄၁၅)ခုနှစ်သို့ ရောက်လျှင် ရတနာပုံရွှေမြို့တော် မဟာလောက မာရဇိန်စေတီတော်ဒါယကာ ဘဝရှင်မင်းတရားကြီးလက်ထက်တွင် သံဃာတော်ပေါင်း (၂၄၀၀)ကို ရွေးချယ်စိစစ်
နှုတ်တိုက်အာဂုံ ဆောင်လျှက် တပေါင်းတည်း ရွတ်ဖတ်သရဇ္ဈယ်ကြပြီးလျှင် ကျောက်ထက်အက္ခရာ ပဉ္စမသင်္ဂါယနာ တင်တော်မူနိုင်ပါစေသတည်း။
ဘုရားသာသနာ(၂၅၀၀) ကောဇာသက္ကရာဇ်(၁၃၁၈)ခုနှစ်သို့ ရောက်လျှင် သာသနာပြု မင်းကောင်းနှင့် သိကြားနတ်မင်း တို့ လူ့ပြည်ဆင်းပြီးလျှင် သာသနာဆူးညှောင့်ခလုတ်စသည်တို့ကို သုတ်သင်ရှင်းလင်းပြီးလျှင် (၂၅၀၀)သော သံဃာတော် အပေါင်းတို့နှင့် ကျောက်ထက်အက္ခရာ ဆဌမသင်္ဂါယနာ တင်တော်မူနိုင်ကြပါစေကုန်သတည်း … ။
ငါပရိနိဗ္ဗာန်စံယူပြီးနောက် အဇာတသတ်မင်းကြီးနှင့် ငါးရာသောရဟန္တာတို့သည် ငါ၏ အလောင်းတော်စစ်ကို ဖူးပြီးမှ ငါ၏ အလောင်းကိုယ်စား ဒုတိယစန္ဒကူးသရက်ခန်းကို ကိုယ်စားတော်တဆူ၊ ဉာဏ်တော်(၁၂)တောင်၊ မြတ်စွာဘုရား၏
ရုပ်ပွားတော် မတ်ရပ်တော် ဉာဏ်တော်(၁၈)တောင်အမြင့်ကို သွန်းထုပြီးမှ ဝေဘူလ၊ ဝေဘာရ၊ ပတ္တမြားတောင်ခြေရင်း၌ လူနတ်အပေါင်းအား ငါ၏ကိုယ်စားတော်စစ်ကို ဥဒိဿရည်စူး၍ ရှိိခိုးပူဇော်ကြရန် သွန်းထုကိုးကွယ်ရစ်ကြပါစကုန်သတည်း။
ငါ၏အလောင်းတော်နှင့် မြတ်စွာဘုရား၏ဓာတ်တော်၊ ရုပ်ပွားတော်တို့ကို ယုံယုံကြည်ကြည်နှင့် အလေးအမြတ်ပြု၍ ရှိခိုး ပူဇော် လှူဒါန်းဆုတောင်း သစ္စာဓိဌာန်ပြု၍ အကုသိုလ်တရားတို့ကိုပယ်၍ သူတော်ကောင်းတို့၏ တရားကို
ကျင့်ကြံအားထုတ်ခြင်း ပါရမီဆယ်ပါး အပြားသုံးဆယ် သတ္တဝါအပေါင်းတို့၏ အသက်ကို မသတ်ပုတ်မညှင်းမဆဲ မစားမသောက်ဘဲ မေတ္တာပို့လျှက် ရှိခိုး ပူဇော် လှူဒါန်းဆုတောင်းလာသော လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့သည်
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ တစ်ဆယ့်ခြောက်ပါးသော ဥမ္ပဌဝေါ၊ နှစ်ဆယ့်ငါးပါးသော ဘေး၊ သုံးဆယ့်နှစ်ပါးသော ကံကြမ္မာ၊ ကိုးဆယ့်ခြောက်ဖြာသော အနာရောဂါတို့မှ ကင်းကွာပြီးလျှင် ပိန်းကြာဖက်ပေါ်တွင် ရေမတင်သကဲ့သို့
ကင်းစင်လွင့်ပျောက်ကြကုန်လျှက် မေတ္တယျဘုရား သခင် ပွင့်တော်မူသောအခါ ငါ၏ခန္ဓာရုပ်ကလပ်ကြီးကို တေဇောဓာတ်လောင်ကျွမ်းသော ပွဲတော်ကြီး၌ ကိုယ်တိုင် ဖူးတွေ့ကြ ရသည်ဖြစ်ပါ၍ မိမိတို့ဆုပန််ကြကုန်သော ဆုမြတ်အပေါင်းတို့နှင့် ပြည့်စုံကြသည်ဖြစ်၍ ဘုရား၊ ပစေ္စကဗုဒ္ဓါ၊ ရဟန္တာဖြစ်ကြ ကုန်လျှက် နိဗ္ဗာန်ရွှေပြည်မြတ်ကို ရောက်ကြပါစေကုန်သတည်း။
ငါ၏ရွှေမျက်နှာတော်ပေါ်၌ ပန်းဆွဲကဲ့သို့ ဆွဲထားသော မြတ်စွာဘုရား၏ (၃)မျိုး(၃)စားသော သရီယဓာတ်တော်တို့ကို သာသနာတော်တဝက်ကြသောအခါ သိကြား၊ နတ်မင်းတို့နှင့် ဗုဒ္ဓအလောင်း ရဟန်းတော်မြတ်တို့သည်
ဤဓာတ်တော်မြတ်ကို သစ္စာအဓိဌာန်ပြု၍ ပင့်ယူတော်မူပြီးမှ သုနန္ဒရ ငွေတောင်ပေါ်၌ ဣစၧာသယ ဝိဏ္႑ာဆုတောင်းပြည့်မြတ်စွာဘုရား စေတီတော်ကြီးကို တည်ထားကိုးကွယ် တော်မူနိုင်ကြပါစေကုန်သတည်း။
ဤကဲ့သို့ ဝစီဝါစာ သစ္စာအဓိဌာန်ပြုတော်မူပြီးလျှင် မဟာဗောဓိပင်နှင့် ရတနာ(၇)ပါးဖြင့်ပြီးသော ရွှေပလ္လင်ကို ဦးခေါင်း ပြုတော်မူပြီး ဈာန်ဝင်စားတော်မူပြီးလျှင် သိကြားနတ်မင်းတို့ ဖန်ဆင်းထားအပ်သော မြသလွန်ရွှေညောင်စောင်းပေါ်၌ ပရိနိဗ္ဗာန် စံယူတော်မူလေသည်။
အံ့သြဖွယ်အချက်များ
၁။ အရှင်မဟာကဿပ ပရိနိဗ္ဗာန်စံမြန်းသော လှိုဏ်ဂူကြီးသည် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရတောင်သုံးလုံးကို ညွှတ်ပေါင်းကူးပြီး ဆက်သွယ်၍နေခြင်း။ ၂။ ၎င်းလှိုဏ်ဂူတွင် ကျောက်ခက် ကျောက်ပန်းတို့သည် ပန်းချီ၊ ပန်းပုဆရာတို့
ရေးထု၍ ဆွဲထားဘိသကဲ့သို့ သဘာဝအတိုင်း ဖြစ်ပေါ်၍နေခြင်း။ ၃။ ဝေဘူလတောင်ထိပ်တွင် လူနတ်ဗြဟ္မာသတ္တဝါအပေါင်းကို (၉၆)ပါးသော ဝေဒနာများ ပျောက်ကင်းစေရန် မေတ္တာတော်ဖြင့် သောက်ချိုး၍ မကုန်နိုင် အမြဲတစေထွက်၍
နေသော ရေတွင်း၊ ၎င်းရေတွင်းကို မိန်းမများရေချိုးခဲ့လျှင် မျက်မြင်ဒိဌ ရေခန်း၍သွားခြင်း
၄။ အရှင်မဟာကဿပစံမြန်းတော််မူသော လှိုဏ်ဂူတော်အတွင်း လူမဝင်နိုင်သော်လည်း အရှင်မဟာကဿပကို ရည်စူး၍ အထက်ဥမင်မှ ရွှေစစ်၊ ငွေစစ်တို့ကို အဓိဌာန်ပြု၍ ခွက်နှင့်ထည့်ပြီး လှူဒါန်းမျှောလိုက်သော်
အောက်ဥမင်ဝကို ရောက်လျှင် ရွှေ၊ ငွေများ မပါသော ခွက်သာလျှင်မျောလာခြင်း။ ၅။ အရှင်မဟာကဿပစံမြန်းတော်မူသော လှိုဏ်ဂူနေရာတည့်တည့်သို့ တောရိုင်းသတ္တဝါများ ကျော်ဖြတ်၍ မသွားခြင်း။
၆။ အရှင်မဟာကဿပကို စိတ်ကရည်စူး၍ ဘုရားဖူးသွားလာသော နတ်လူအပေါင်းတို့သည် တောတောင်မြိုင် ချောက်တို့ကို အတန်တန်ကျော်ဖြတ်၍ သွားသော်ငြားလည်း တောသား၊ ရန်သူ၊ ဓါးပြ၊ ခိုးသားဟူသော ဘေးအန္တရာယ်မျိုး နှင့် မတွေ့ရခြင်း။
၇။ အရှင်မဟာကဿပကို ဖူးတွေ့ရန် သွားသောအခါ မကောင်းသော အကျင့်အကြံရှိသောသူများကို နတ်များက ထင်ရှားစွာ ပြသခြင်း။ ၈။ အရှင်မဟာကဿပကြီး၏ သင်္ကန်းလှန်းသောနေရာ၌ ယခုတိုင် သင်္ကန်းချုပ်ရိုး အနားပါတ်မကျန်
ကောင်းမွန်စွာ ထင်လျက်ရှိခြင်း။ ၉။ အရှင်မဟာကဿပမထေရ် စံမြန်းတော်မူသော ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်တို့၌ သူတော်ကောင်းတို့ လာ၍ တရားကိုအားထုတ်ခဲ့ပါလျှင် နတ်များက သီလ၊ သမာဓိကို စမ်းပြီးလျှင်
အကျင့်သိက္ခာနှင့် ပြည့်စုံလျှင် အလောင်းတော်စစ်ကို ဝင်၍ ဖူးနိုင််ရန် ကူညီစောင့်ရှောက်ခြင်း
Org.KSL
လောကီ လောကုတ်တရာ နဲ့ ဗေဒင်ပညာ အင်းကျမ်း ဖုန်းနည်းပညာများ တင်ဆက်ပေးသော ပေ့ဖြစ်ပါသည် လာရောက်အားပေးမူအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
Search This Blog
Sunday, February 23, 2020
Tuesday, February 11, 2020
Thursday, February 6, 2020
နတ်ကိုးကွယ်ခြင်း၏အကြောင်း
နတ်ကိုးကွယ်မှုနဲ့ နောက်ကွယ်က အကြောင်းတရားများ
=====================================
မြန်မာနိုင်ငံမှာ နတ်ကိုးကွယ်မှုဓလေ့ ဟာ သမိုင်းမတင်မီခေတ်ကတည်းက ရှိခဲ့ပြီး တောစောင့် တောင်စောင့်နတ်တွေကို ကိုးကွယ်တာက စတယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆပါတယ်။
ကမ္ဘာတလွှားမှာလည်း ဘာသာယုံကြည်ကိုးကွယ်မှု အစမှာ ဒီလို သဘာဝပတ်ဝန်းကျင်ကို ပူဇော်တာတွေကနေ စခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပုပ္ပါးတောင်က နတ်ကြီးကို မဟာဂီရိအဖြစ် ကိုးကွယ်တာကို ပုဂံခေတ်ကတည်းက စတယ်လို့ မြန်မာရာဇဝင်မှာ ဖော်ပြပါတယ်။
ပုဂံခေတ်မှာ အိန္ဒိယနဲ့ အဆက်အဆံပိုများလာတဲ့အတွက် ဟိန္ဒူဘုရားကျောင်းတွေ ပိုတွေ့လာရသလို ဗုဒ္ဓဘာသာဘုရားတွေမှာလည်း ဟိန္ဒူနတ်ရုပ်တွေ ထားတာ၊ ပုံဖော်တာတွေ တွေ့လာရပါတယ်။
နတ်လှောင်ကျောင်းခေါ် ပုဂံက နတ်ဘုရားကျောင်းဟာ နတ်လျောင်းကျောင်းက လာတယ်လို့လည်း ယူဆကြပါတယ်။
အနော်ရထာလက်ထက်မှာ နတ်ကိုးကွယ်မှုကို ကန့်သတ်တယ် ဆိုပေမယ့် ကျန်စစ်သားလက်ထက် နန်းတည်မင်္ဂလာမှာ ဟိန္ဒူအယူအဆတွေနဲ့ စီရင်တာတွေ တွေ့ရပြီး နောက်ခေတ်အဆက်ဆက်မှာလည်း ဗလိနတ်စာကျွေးတာ အပါအဝင် နတ်တွေကို ပူဇော်ပသတာတွေကို ဦးနုခေတ်ထိ ဆက်ပြီး ဆောင်ရွက်တာ တွေ့ရပါတယ်။
နတ်တွေက ဘုရင်ဘက်က ဝင်ပြီး တိုက်ခိုက်ပေးတယ် ဆိုတဲ့ အကြောင်းမျိုးတွေလည်း မြန်မာရာဇဝင်တွေမှာ ရေးတတ်ကြပြီး ဂရိနဲ့ ရောမက နတ်ပုံပြင်တွေနဲ့ အလားတူ နတ်တွေက လူတွေရဲ့ ဘဝမှာ ပတ်သက်နေကြတာပါ။
ပုံဂံမြို့ ရွှေစည်းခုံဘုရားတံတိုင်း အတွင်းမှာ ထားတဲ့ နတ်ရုပ်တွေကို အတွင်း ၃၇ မင်း၊ အပြင်မှာ ထားတဲ့အရုပ်တွေကို အပြင် ၃၇ မင်း အဖြစ် သတ်မှတ်ပူဇော်ရာကနေ ၃၇ မင်း နတ်ရယ်လို့ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ဘီလူးဖမ်းစားတာက ကာကွယ်ပေးတဲ့ ဘုရားဟောသုတ်တော်လာ အထက် နတ်မင်းကြီးတွေကို အတွင်း ၃၇ မင်းခေါ်ပြီး ရိုးရာနတ်တွေကိုတော့ အပြင် ၃၇ မင်းလို့ ခွဲခြားထားတာပါ။
အနော်ရထာလက်ထက်မှာ မဟာဂီရိကို နတ်အကြီးအကဲနေရာ မပေးချင်လို့ သိကြားမင်းကို ထားတယ်လို့လည်း စွယ်စုံကျမ်းက ဖော်ပြပါတယ်။
ဘုရင့်နောင် လက်ထက်မှာတော့ ညောင်ဦး တူရွင်းတိုင် စတဲ့ နယ်တွေမှာ မဟာဂီရိနတ်ကို ကျွဲနွားတွေ သတ်ပြီး ပသတာကို တားမြစ်ခဲ့ပြီး နတ်အုန်းဆွဲတဲ့ ဓလေ့ကတော့ ခုထိ ရှိနေပါတယ်။
ပုဂံပြည် တောင်သူကြီးမင်းလက်ထက်မှာ နဂါးကိုးကွယ်တာ ရှိခဲ့တယ် ဆိုပေမယ့် နဂါးပူးတဲ့ ဓလေ့ကို မျက်မှောက်ခေတ်မှာ ပိုတွေ့လာရပါတယ်။
၃၇ မင်းနတ်တွေထဲမှာ အထင်ရှားဆုံးက တောင်ပြုံး မင်းညီနောင်နဲ့ ပုခန်းဦးမင်းကျော် ခေါ် မင်းကျော်စွာနတ်တွေ ဖြစ်ပါတယ်။
ဘဲဥနဲ့ ပသရတဲ့ မနှဲလေးနတ်နဲ့ ရွှေနဘေစတဲ့ အမျိုးသမီးနတ်တွေလည်း ရှိပါတယ်။
ဘုရင်ထဲက နတ်ဖြစ်နေတဲ့ မင်းစည်သူနတ်၊ ငါးစီးရှင်ကျော်စွာနတ်၊ တပင်ရွှေထီးနတ်စတဲ့ နတ်ဘုရင် ကိုးပါး ရှိပြီး မိဖုရားနတ်က လေးပါး ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလို နတ်စာရင်းမှာ မပါပေမယ့် နေရာအလိုက် ထင်ရှားတဲ့ နတ်တွေလည်း ရှိပါတယ်။
မုံရွာဘက်မှာ အမေရေယဉ်၊ တံတားဦးက အမေဂျမ်းနဲ့ ရှမ်းပြည်ဘက်က ကိုးမြို့ရှင်၊ ပုလဲယဉ် စတဲ့နတ်တွေ အပြင် အောက်မြန်မာပြည်က နံကရိုင်းမယ်တော်နဲ့ ဦးရှင်ကြီးနတ်တွေအပြင် ရခိုင်၊ မွန်၊ ကရင်ဘက်က နတ်တွေနဲ့ ကချင်၊ ကယား၊ ချင်း၊ နာဂစတဲ့ တောင်ပေါ်နယ်တွေက ရိုးရာနတ် တွေလည်း အမျိုးစုံ ရှိကြပါတယ်။
အမျိုးသမီးတွေကြား လူသိများတာကတော့ ဖျာလိပ်နတ်နဲ့ လေချွန်နတ်တွေ ဖြစ်ပါတယ်။
တောင်သူလယ်သမားတွေအတွက် တပေါင်းလ ကောက်သစ်ပေါ်ချိန်မှာ ပုန်းမကြည်ရှင်မကို ပူဇော်ပသတာကလည်း ပုဗ္ဗကြယ်၊ အမိကမ္ဘာမြေနတ်၊ စပါးစောင့်လိပ်ပြာတွေ ကို ပူဇော်တဲ့ ဓလေ့က ဆင်းသက်တယ်လို့ ယူဆကြပါတယ်။
ဘီလူးမ လက်စားချေဖမ်းစားမှုက ဘေးလွတ်အောင် ပူဇော်တယ်ဆိုတဲ့ ဓမ္မပဒလာ ဝတ္ထုကြောင့် ပုန်းမကြည်ကို အမျိုးသမီးနတ်အဖြစ် မုန့်ဆီကြော်နဲ့ အခါတင် ပသရပါတယ်။
ခေတ်ဟောင်း လူသားတွေမှာ သဘာဝကို ရင်ဆိုင်ဖို့အတွက် နတ်တွေကို ကိုးတယ် ဆိုပေမယ့် ခေတ်သစ်မှာလည်း နတ်တွေကို ဆက်ပြီး ပသကြပါတယ်။
စီးပွားရေး၊ လူမှုရေး အရေးပေါင်းစုံနဲ့ နတ်၊ ဗေဒင်၊ ယတြာစတာတွေကို လုပ်နေကြတာကို တွေ့ရပါတယ်။
နတ်မကြိုက်တဲ့ အဝတ်၊ အစားအသောက်တွေ ရှောင်တာ၊ နတ်ကြိုက်တဲ့ အရာနဲ့ ပူဇော်တာတွေကိုလည်း တွေ့ရပြီး အရက်၊ ကြက်ကြော် စတဲ့ စားဖွယ်တွေနဲ့ ပသရတာကို တွေ့ပါတယ်။
မန္တလေးနားမှာတော့ ကိတ်မုန့်နဲ့ ပူဇော်ရတဲ့ နတ်ပွဲတခု ရှိပါတယ်။
နတ်ပွဲတွေမှာ အနယ်နယ်အရပ်ရပ်က လာကိုးကွယ်တဲ့သူတွေနဲ့ နတ်ဝင်သည် နတ်ကတော်တွေကြားက ဆက်ဆံရေးကို အခြေခံပြီး ရေးတဲ့ ဝတ္ထုတွေလည်း ပျို့တောင်ပြုံး ကနေ ပြုံး၍လည်း ကန်တော့ခံပါ၊ ရယ်၍လည်း ကန်တော့ခံပါ အထိ တွေ့ရပါတယ်။
နတ်ကိုးကွယ်မှုကို ရှုတ်ချတဲ့ စာပေတွေကိုလည်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကနေ နောက်ပိုင်းခေတ်တွေအထိ တွေ့နေရပါတယ်။
စစ်အစိုးရ လက်ထက်မှာ စီးပွားရေး ကျပ်တည်းမှုကြောင့် နတ်ပွဲတွေ ပိုစည်လာတယ်လို့လည်း ဆိုပါတယ်။
နတ်ကတော် အဖြစ် အမျိုးသမီးတွေ ရှိခဲ့ရာက ၁၉၆ဝ နောက်ပိုင်းမှာ အမျိုးသား နတ်ကတော်တွေ ရှိလာပါတယ်။
နောက် နတ်ပွဲတွေဟာ ကိုးကွယ်ယုံကြည်သူတွေအတွက် ပူဇော်ပသရာအပြင် စီးပွားဖလှယ်ရာ၊ အပန်းဖြေရာ ပွဲတော်တွေ ဖြစ်ကြပါတယ်။
တောင်ပြုံးပွဲမှာ အဆဲကြမ်းတဲ့ဓလေ့၊ လွတ်လွတ်လပ်လပ် စနောက်ကြတဲ့ဓလေ့နဲ့ နတ်ပွဲတွေမှာ သောက်စားမူးယစ်ကြတဲ့ ဓလေ့တွေကလည်း ယဉ်ကျေးမှု ထွန်းကားစက ခုန်ပေါက် မူးယစ်ကြတဲ့ ဓလေ့တွေ ကျန်ရစ်တာ ဖြစ်ပါတယ်။
ဒီလို ရိုးရာ ဓလေ့တွေ ကျန်နေတဲ့အတွက် နတ်ပွဲတွေကို မနုဿဗေဒပညာရှင်တွေက စိတ်ဝင်တစား လေ့လာကြတာပါ။
မြန်မာမှာလိုပဲ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေ၊ ပစိဖိတ် ကျွန်းသားတွေမှာလည်း အဓိက ဘာသာကြီးတွေအပြင် နတ်နဲ့ တခြား ကိုးကွယ်မှုတွေလည်း ပူးတွဲ ရှိတတ်တာကို တွေ့ရပါတယ်။
ဘိုးတော်ယုံကြည်မှု၊ ဝိဇ္ဇာ၊ ထွက်ရပ်ပေါက် စတဲ့ အထက်လမ်းကိုးကွယ်မှုတွေ၊ ကဝေ၊ စုန်း၊ နတ်စတဲ့ အောက်လမ်းကိုးကွယ်မှုတွေဟာ လူနဲ့ ပရလောက၊ ကွယ်လွန်ပြီးနောက်ဘဝ စိတ်ဝင်စားမှုတွေက လာတာ ဖြစ်ပါတယ်။
နောက် နတ်ပသတဲ့ နတ်ချင်းတွေကလည်း မြန်မာ့ဂီတမှာ မြူးကြွတဲ့ ရိုးရာတေးတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
ဒီတေးတွေကို ခေတ်ပေါ် အနောက်တိုင်းသံစဉ်တွေနဲ့ ရောသမမွှေတဲ့ သီချင်းမျိုးအဖြစ် သားစိုးက ဖန်တီးခဲ့ပါတယ်။
" အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် . . ယှဉ်ကာပြိုင် . .
ပန်းမွေ့ရာ ရွှေကော်ဇော . .
ရောနှောလို့ထိုင် "
စတဲ့ အပျိုတော်ယိမ်းအက နတ်ချင်းကလည်း အများသိတဲ့ တေးတပုဒ် ဖြစ်ပါတယ်။
နတ်ကိုးကွယ်မှုကို အယူမှားမှု အဖြစ် ပြစ်တင်ရှုတ်ချတာတွေ ရှိပေမယ့် ဆက်ပြီး ခေတ်စားနေဆဲ ဖြစ်ပါတယ်။
မြန်မာထုံးစံမှာ ရှင်ဘုရင် နှိပ်ကွပ်လို့ သေတဲ့ သူရဲကောင်းတွေကို နတ်အဖြစ် ကိုးကွယ်ရာကနေ နတ်တွေပေါ်လာတယ်လို့လည်း ပညာရှင်တွေက ယူဆပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်မှာ နတ်အဖြစ် သရုပ်ဖော်တဲ့ ဝတ္ထုတွေ ထွက်ခဲ့ပါတယ်။
အပြင် ၃၇ မင်းနတ်တွေဟာ ပုဂံခေတ်နောက်ပိုင်းမှာ အပြောင်းအလဲတွေ ရှိခဲ့ပြီး နတ်သစ်တွေနဲ့ အစားထိုးခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန် ဗိုလ်တထောင်ဘုရားက မြနန်းနွယ်လို အသစ်ပေါ်တဲ့ နတ်တွေ ရှိသလို စာရေးဆရာ မှော်ဘီဆရာသိန်းကြီးကို နတ်အဖြစ် မသေခင်ကတည်းက ကိုးကွယ်တာကိုလည်း ၁၉၃ဝ ကျော်က တွေ့ရှိခဲ့ရပါတယ်။
#Crd.copy
တင်ဆက်ကူယူသူ..
#KSL
Subscribe to:
Posts (Atom)
